Specialization Courses
Art ( B.A, B.A(Hons;), M.A(Q), M.A, M.Res)
1. Myanmar 2. English 3. Geography
4. History 5. Philosophy 6. Oriental Studies
Science (B.Sc, B.Sc(Hons;), M.Sc(Q), M.Sc, M.Res)
1. Chemistry 2. Physics 3. Mathematics
4. Zoology 5. Botany 6. Geology
Duration:
B.A /B.Sc : 4 Years
B.A (Hons:)/ B.Sc (Hons:) /M.A (Q) : 5 Years
M.A / M.Sc : 7 Years
M.Res : 8 Year
The Graduation Ceremony is held once a year.
List of Students by Academic Year
Acadamic Year | 2010-11 | 2011-12 | 2012-13 | 2013-14 | 2014-15 | |||||
F | M | F | M | F | M | F | M | F | M | |
Under Graduate | 1623 | 2670 | 1620 | 2609 | 1712 | 2791 | 1922 | 3006 | 2087 | 3289 |
Post Graduate | 24 | 93 | 23 | 84 | 22 | 84 | 36 | 94 | 31 | 72 |
Total | 1647 | 2763 | 1643 | 2693 | 1734 | 2875 | 1958 | 3100 | 2118 | 3361 |
Acadamic Year | 2015-16 | 2016-17 | 2017-18 | 2018-19 | 2019-20 | |||||
F | M | F | M | F | M | F | M | F | M | |
Under Graduate | 2598 | 4086 | 2643 | 4201 | 2785 | 4282 | 2835 | 4751 | 2811 | 4682 |
Post Graduate | 43 | 89 | 41 | 98 | 54 | 153 | 74 | 107 | 115 | 279 |
Total | 2641 | 4175 | 2684 | 4299 | 2839 | 4435 | 2909 | 4858 | 2926 | 4961 |
ကျောင်းသားရေးရာနှင့် ကျောင်းဆောင်ဌာန၊ စာမေးပွဲနှင့် ဘွဲ့နှင်းဌာန ဆိုင်ရာ လုပ်ငန်းများ
၁။ တက္ကသိုလ်ဝင်ခွင့်ရစာရင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်များ ထုတ်ယူခြင်း အကြောင်းကြားစာပေးပို့ခြင်း၊ ကြော်ငြာသင်ပုန်းကပ်ခြင်း။
၂။ တက္ကသိုလ်ပညာသင်နှစ် စတင်ဖွင့်လှစ်ကြောင်း၊ သင်တန်းများစတင်မည့်ရက်နှင့် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို စတင်လက်ခံမည့်နေ့ရက်၊ နောက်ဆုံးလက်ခံမည့်နေ့ရက် များ ကြေညာစာထုတ်ခြင်း။
၃။ ကျောင်းဝင်မှတ်ပုံတင်ရန် လက်ခံဆောင်ရွက်ခြင်း။
၄။ အထူးပြုဘာသာပြောင်းလျှောက်ထားရန် လက်ခံဆောင်ရွက်ခြင်း။
၅။ ကျောင်းပြောင်းလျှောက်ထားရန် လက်ခံဆောင်ရွက်ခြင်း။
၆။ အဆောင်နေထိုင်ခွင့်လျှောက်ထားရန် လက်ခံဆောင်ရွက်ခြင်း၊ အဆောင်နေထိုင်ခွင့် ရသူ စာရင်းထုတ်ပြန်ကြေညာခြင်း။
၇။ အထူးပြုဘာသာရပ်အလိုက် စာမေးပွဲခုံအမှတ်စာရင်းထုတ်ပြန်ခြင်းနှင့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူ အသိအမှတ်ပြု ကတ်ပြားထုတ်ပေးခြင်း။
၈။ ပညာသင်ရပ်နားခွင့်လျှောက်ထားရန် လက်ခံဆောင်ရွက်ခြင်းနှင့် ပညာသင်ရပ်နားခွင့် ရရှိသူစာရင်းထုတ်ပြန်ခြင်း။
၉။ စာမေးပွဲပြင်ပဖြေဆိုခွင့်လျှောက်လျှာခေါ်ယူခြင်းနှင့် စိစစ်လက်ခံဆောင်ရွက်ခြင်း။
၁၀။ စာမေးပွဲဆိုင်ရာလုပ်ငန်းများ စီစဉ်ဆောင်ရွက်ခြင်း။
၁၁။ အောင်စာရင်းအတွက် စီစဉ်ဆောင်ရွက်ခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်း။
၁၂။ ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်းနှင့် ကျင်းပခြင်း။
၁၃။ ဘွဲ့ကြို၊ ဘွဲ့ရထောက်ခံစာများနှင့် ဘွဲ့ရအမှတ်စာရင်း(အဆင့်) လျှောက်လွှာလက်ခံ ဆောင်ရွက်ခြင်း။
အခြားလုပ်ငန်းများ
၁။ ကွင်းဆင်း/လေ့လာရေးခရီးစဉ်များအတွက် ဘာသာရပ်ဌာနမှူးများမှ တင်ပြလာသော စီမံချက်များကို စိစစ်၍ အဆင့်မြင့်ပညာဉီးစီးဌာနသို့တင်ပြခြင်း။
၂။ နိုင်ငံတောင်၏ နေ့ထူးနေ့မြတ်၊ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများနှင့် ဟောပြောပွဲများ ကျင်းပခြင်း။
၃။ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထဲမှ ပြည်ပပညာသင်၊ လေ့လာရေး၊ ဆွေးနွေးပွဲများ လျှောက်ထားသူများကို စိစစ်ရွေးချယ်တင်ပြခြင်း။
၄။ တက္ကသိုလ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို ကျူးလွန်သူ ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သလိုအရေးယူရန် စိစဉ်ဆောင်ရွက်ခြင်း။
၅။ စာမေးပွဲတွင် မသမာသောနည်း အသုံးပြုဖြေဆိုသူ ကျောင်းသား/ ကျောင်းသူများ အား အရေးယူရန် ဆောင်ရွက်ခြင်း။
၆။ တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆုအတွက် လျှောက်လွှာခေါ်ယူခြင်း၊ စိစစ်တင်ပြ ခြင်း၊ ကြေညာခြင်း။
နေ့သင်တန်းကျောင်းသား/သူများ သိရှိရန်
(၁) ကျောင်းဝင်မှတ်ပုံတင်ရာတွင် လိုအပ်သောအချက်များ
၁။ လိုင်စင်ဓါတ်ပုံ(၆)ပုံ (အမျိုးသား/အမျိုးသမီးဝတ်)
၂။ ကျောင်းသား/ကျောင်းသူအမည် (မြန်မာစာဖြင့်/အင်္ဂလိပ်စာဖြင့်)
၃။ အဖအမည် (မြန်မာစာဖြင့်/အင်္ဂလိပ်စာဖြင့်)
၄။ အမိအမည် (မြန်မာစာဖြင့်/အင်္ဂလိပ်စာဖြင့်)
၅။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ (မိဘနှစ်ဦးအပါအဝင်)
၆။ မွေးဖွားရာဇာတိ၊ မြို့နယ်၊ ပြည်နယ်၊ တိုင်း
၇။ ကျောင်းသား၊ ကျောင်းသူ၏မွေးသက္ကရာဇ် (ခရစ်သက္ကရာဇ်)
၈။ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် (ခုံအမှတ်၊ ခုနှစ်၊ စာစစ်ဌာန)
၉။ အဝေးသင်တက္ကသိုလ်နှင့် လျင်မြန်စွာ ဆက်သွယ်နိုင်မည့် လိပ်စာအပြည့်အစုံ
၁၀။ အမြဲတမ်းလိပ်စာအပြည့်အစုံ
၁၁။ အလုပ်အကိုင်ရှိပါက ဖော်ပြရန်
၁၂။ ကျောင်းသားဟောင်းဖြစ်ပါက ဖြေဆိုခံသော (စာမေးပွဲ၊ ခုံအမှတ်၊ စာစစ်ဌာန၊ ပညာသင်နှစ်, အောင်/ရှုံး) ဖော်ပြရန်
၁၃။ ကျောင်းအပ်သတ်မှတ်ရက်အတွင်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်။
ကျောင်းဝင်မှတ်ပုံတင်ရာတွင် ဆောင်ရွက်ရမည့် အချက်များ
၁။ ကျောင်းသားရေးရာဌာနရှိ အတန်းကိုင်ထံမှ ကျောင်းအပ်လျှောက်လွှာပုံစံကို ရယူ(အခမဲ့) ပြီး ဖြည့်စွက်မည့်အချက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရန်။
၂။ ဖြည့်စွက်ပြီးသော လျှောက်လွှာပုံစံကို အတန်းကိုင်ထံ စိစစ်ခံယူရန်။
၃။ ကျောင်းသားရေးရာဌာနမှ ဖြည့်စွက်စိစစ်ပြီးသော လျှောက်လွှာပုံစံကို မိမိသက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခ(ဌာနမှူး)ထံမှ ထောက်ခံလက်မှတ်ယူရန်။
၄။ ထောက်ခံလက်မှတ်ရရှိပြီးသော လျှောက်လွှာပုံစံကို ယူပြီး ဘဏ္ဍာဌာန/ KBZ pay တွင် ငွေသွင်းရန်
မှတ်ချက်။ ။ ပထမနှစ်ကျောင်းသား/သူများ အမှတ်စာရင်း/အောင်လက်မှတ်မိတ္တူမရှိပါက မိမိစာစစ်ဌာန/မြို့နယ်ပညာရေးမှူး ရုံးတွင်ယူပြီး ယူဆောင်လာရန်။ ဓါတ်ပုံ ပတ်(စ်)ပို့ (၁လက်မ၊ ၁.၂ လက်မ) ၆ ပုံယူဆောင်လာရန်။
(၂) အထူးပြုဘာသာပြောင်းလဲခြင်းအတွက် လိုအပ်သည့်အချက်များ
၁။ ပညာသင်နှစ်စတင်ဖွင့်လှစ်သည့်နေ့မှ ၂၁ ရက်အတွင်းဆောင်ရွက်ရန်။
၂။ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် အမှတ်စာရင်းမိတ္တူ(၁)စောင်
၃။ ဘာသာတွဲပြောင်းရွှေ့ခွင့်လျှောက်လွှာ (၁)စောင်
၄။ ပြောင်းရွှေ့လိုသော ဘာသာတွဲ၏ အနိမ့်ဆုံးရမှတ်ပြည့်မီရမည်။
၅။ အင်္ဂလိပ်စာအတွက် အင်္ဂလိပ်စာဘာသာ(၅၀)မှတ်အနည်းဆုံးရရှိပြီး၊ အင်္ဂလိပ်စာဘာသာတွဲ၏ နိမ့်ဆုံးအမှတ်ပြည့်မီရမည်။
၆။ သိပ္ပံဘာသာရပ်များအတွက် ဓာတုဗေဒ၊ ရူပဗေဒ နှင့် သင်္ချာဘာသာရပ်အတွက် သက်ဆိုင်ရာ ဘာသာရပ်ရမှတ် အနည်းဆုံး(၅၀)နှင့် သတ္တဗေဒ၊ ရုက္ခဗေဒဘာသာရပ်အတွက် သက်ဆိုင်ရာ ဘာသာရပ်ရမှတ် အနည်းဆုံး(၄၅)မှတ်ရရှိပြီး၊ သိပ္ပံဘာသာရပ်ဝင်ခွင့်ပြုမြို့နယ်ဖြစ်ရမည်။
၇။ စီးပွားရေးနှင့်ပေါင်းစပ်ဘာသာရပ်များအတွက် ဘောဂဗေဒဘာသာရပ်ပါဝင်သော ဘာသာတွဲ ဖြင့်အောင်မြင်သူများသည် ဘောဂဗေဒဘာသာရပ် ရမှတ်(၆၀)မှတ်နှင့် စုစုပေါင်းအမှတ် (၃၀၀) မှတ် နှင့် အထက်ရရှိရမည်။ ဘောဂဗေဒဘာသာရပ်မပါဝင်သော ဘာသာတွဲများဖြင့် အောင်မြင်သူများသည် စုစုပေါင်းရမှတ် (၃၂၀)နှင့် အထက်ရှိရမည်။
ဆောင်ရွက်ရမည့် အချက်များ
၁။ သင်တန်းရေးရာဌာနတွင် အထူးပြုဘာသာရပ်ပြောင်းရွေ့ လျှောက်လွှာပုံစံကို အတန်းကိုင်များထံမှ (အခမဲ့)ရယူရမည်။
၂။ ပြောင်းရွှေ့လိုသည့် ဘာသာရပ်၏ အနိမ့်ဆုံးအမှတ်မီရမည်။ မိမိအမှန်တကယ် ပြောင်းရွှေ့လို့ ရသော ဘာသာတွဲဖြစ်ရမည်။
၃။ မူလဝင်ခွင့်ရ ဘာသာ၏ ပါမောက္ခ(ဌာနမှူး)ခွင့်ပြုချက်နှင့် ပြောင်းရွှေ့မည့် ဘာသာရပ်၏ ပါမောက္ခ(ဌာနမှူး) ခွင့်ပြုချက်များ ယူရမည်။
၄။ ဖော်ပြပါအချက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားပြီး လျှောက်လွှာပုံစံ၊ ပါမောက္ခ(ဌာနမှူး)အသီးသီး၏ ထောက်ခံစာ၊ တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်း ကို ပူးတွဲ၍ သင်တန်းရေးရာဌာန သက်ဆိုင်ရာ အတန်းကိုင်ထံတွင် တင်ထားရမည်။
၅။ အစည်းဝေးဆုံးဖြတ်ချက်ချပြီး အထူးပြုဘာသာရပ်ပြောင်းရွှေ့အမိန့်ကို ကြော်ငြာသင် ပုန်းတွင် ကပ်ပြီးမှသာ ပြောင်းရွှေ့လိုသော အထူးပြုဘာသာရပ်သို့ ကျောင်းအပ်နှံရမည် ဖြစ်သည်။
မှတ်ချက်။ ။ အထူးပြုဘာသာပြောင်း လျှောက်ထားသူများအနေဖြင့် ပြောင်းရွှေ့ခွင့်လျှောက်ထားပြီး ပြောင်းရွှေ့ခွင့် (order) ရရှိပြီး မှသာ ကျောင်းအပ်နှံရမည်။ သက်မှတ်ရက်အတွင်းတွင်သာ အထူးပြုဘာသာရပ် ပြောင်းရွှေ့ခွင့်လျှောက်ထားရမည်။
(၃) ကျောင်းပြောင်းရွှေ့ခွင့်လျှောက်ထားလိုသော ကျောင်းသား/သူများ သိရှိရန်
၁။ မိဘများသည် နိုင်ငံဝန်ထမ်းများဖြစ်ကြပြီး တာဝန်အရ ပြောင်းရွှေ့ရသော ကြောင့် ၎င်းတို့ပြောင်းရွှေ့ရသော မြို့နယ်နှင့်သက်ဆိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သို့ ပြောင်းရွှေ့ပညာသင်ကြားခွင့် လျှောက်ထားလျှင် မိမိပထမဝင်ခွင့် ရထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၌ ပထမအရစ် သတ်မှတ်ကြေးများ ပေးသွင်းမှတ်ပုံတင်ခြင်းမပြုဘဲ မိဘများအလုပ်တာဝန်ပြောင်းရွှေ့ရသည့် တရားဝင် ရုံးအမိန့်စာဖြင့် မိမိပြောင်းရွှေ့နေထိုင်သော မြို့နယ်နှင့် သက်ဆိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သို့ တိုက်ရိုက် လျှောက်ထားနိုင်သည်။
၂။ အခြားအကြောင်းမျိုးမျိုးဖြင့် ပြောင်းရွှေ့သင်ကြားခါင့် လျှောက်ထားလိုလျှင် မိမိဝင်ခွင့် ရရှိထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၌ ပထမအရစ် သတ်မှတ်ကြေးများ ပေးသွင်းမှတ်ပုံတင်ပြီး မိမိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီးထံ ပြောင်းရွှေ့သင်ကြားလိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကို ဖော်ပြရမည်။ ကျောင်းပြောင်းလျှောက်ခြင်းနှင့် ကျောင်းအပ်နှံခြင်းကို သတ်မှတ်ထားသော နေ့ရက်အတွင်း နောက်ဆုံးထားဆောင်ရွက်ရမည်။ သတ်မှတ်ရက် ကျော်လွန်မှ လျှောက်ထားပါက လက်ခံစဉ်းစားမည်မဟုတ်ပါ။ ပြောင်းရွှေ့သင်ကြား ခွင့်ပြုမိန့်မရမီ မိမိသဘောအလျောက် ပြောင်းရွှေ့တက်ရောက်ခြင်းကို ခွင့်မပြုပါ။ သတ်မှတ်ရက်အတွင်း လျှောက်ထားသော်လည်း စိစစ်ရေးအဖွဲ့၏ အဆုံးအဖြတ်သည် နောက်ဆုံးဖြစ်သည်။
ကျောင်းပြောင်းရွှေ့ခြင်းအတွက်လိုအပ်သည်များ
၁။ ပညာသင်နှစ်စတင်ဖွင့်လှစ်သည့်နေ့မှ (၂၁)ရက်အတွင်းဆောင်ရွက်ရန်။
၂။ ပြောင်းရွှေ့လျှောက်ထားသော ဌာနခွဲနယ်မြေတွင် အမှန်တကယ်နေထိုင်ကြောင်း အိမ်ထောင်စု စာရင်းမိတ္တူ(မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည်)
၃။ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံချက်
၄။ ကျောင်းသား၊ ကျောင်းသူသည် ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်း အရာရှိထောက်ခံချက်
၅။ ကျောင်းသား၊ ကျောင်းသူ၏ မိဘတစ်ဦးဦးသည် ဝန်ထမ်းဖြစ်ပါက ပြောင်းရွှေ့မိန့်မိတ္တူ
မှတ်ချက်။ ။ မိဘဝန်ထမ်းပြောင်းဖြင့် လျှောက်ထားမည့်သူများသည် မိဘ၏ ပြောင်းရွှေ့ အမိန့်မိတ္တူယူဆောင်လျက်၊ ကျောင်းသားရေးရာဌာနတွင် လာရောက်ပြီး ကျောင်းပြောင်း ကိစ္စဆောင်ရွက်ရန်။ ကျောင်းပြောင်းလျှောက်လွှာပုံစံကို သက်ဆိုင်ရာ အတိုင်းကိုင်ထံမှ ယူပြီးပြည့်စုံစွာ ဖြည့် စွက်ရမည်။ ဖြည့်စွက်ပြီးသော လျှောက်လွှာပုံစုံနှင့်အတူ မိဘဝန်ထမ်း တာဝန်ပြောင်းရွှေ့ အမိန့်မိတ္တူတစ်စောင်၊ ပက်(စ်)ပို့ဓာတ်ပုံ (၃)ပုံ ယူဆောင်လာရန်
(၄) ထောက်ခံစာတောင်းခံခြင်း
၁။ ကိုယ်တိုင်ရေး လျှောက်လွှာ(၁)စောင်
၂။ လိုင်စင်ဓါတ်ပုံ(၂)ပုံ (မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီသော အမျိုးသား/အမျိုးသမီးဝတ်)
၃။ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ အတန်း၊ ခုံအမှတ်၊ အထူးပြုဘာသာ၊ ပညာသင်နှစ် (အောင်/ရှုံး)၊ ဖခင်အမည်၊ မွေးသက္ကရာဇ် တို့ကို ဖော်ပြရမည်။
(၅) ယာယီဘွဲ့ထောက်ခံစာတောင်းခံခြင်း
၁။ ကိုယ်တိုင်ရေး လျှောက်လွှာ(၁)စောင်
၂။ ဘွဲ့ဓါတ်ပုံ(၁½” x ၂”) ဓါတ်ပုံ(၂)ပုံ (မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီသော အမျိုးသား/ အမျိုးသမီးဝတ်)
၃။ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ အတန်း၊ ခုံအမှတ်၊ အထူးပြုဘာသာ၊ ပညာသင်နှစ်၊ ဖခင်အမည်၊ အဝေးသင်တက္ကသိုလ် မှတ်ပုံတင်အမှတ် တို့ကို ဖော်ပြရမည်။
(၆) ယာယီနှုတ်ထွက်ခွင့် တောင်းခံခြင်း
၁။ ကိုယ်တိုင်ရေး လျှောက်လွှာ(၁)စောင်
၂။ လိုင်စင်ဓါတ်ပုံ(၂)ပုံ (အမျိုးသား/အမျိုးသမီးဝတ်)
၃။ ပညာသင်နှစ်၏ စာမေးပွဲမတိုင်မီကာလအတွင်းသာ နှုတ်ထွက်ခွင့်ပြုမည်။
၄။ တခြားသင်တန်းတက်ရောက်လို၍ နှုတ်ထွက်လိုပါက တခြားသင်တန်း၌ တက်ရောက်ခွင့်ပြု ကြောင်း အထောက်အထားကို တင်ပြရမည်။
၅။ မိမိတက်ရောက်နေသော သင်တန်းနှစ်၏ ခုံအမှတ်၊ ပညာသင်နှစ် နှုတ်ထွက်ခွင့်တောင်းခံ ရသည့် အကြောင်းတို့ကို ဖော်ပြရမည်။
(၇) ဘွဲ့လျှောက်လွှာတင်သွင်းခြင်း
၁။ ဘွဲ့လျှောက်လွှာပုံစံ(၁)စောင်
၂။ ဘွဲ့ဓါတ်ပုံ(၁ƒ” x ၂”) ဓါတ်ပုံ(၂)ပုံ (ဓါတ်ပုံတွင် လက်ပြတ်အင်္ကျီမဖြစ်စေရ) (မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီသော အမျိုးသား/ အမျိုးသမီးဝတ်)
၃။ မှတ်ပုံတင်မိတ္တူ(၁)စောင်
၄။ ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ဖြေဆိုခဲ့သော (သင်တန်းနှစ်၊ ခုံအမှတ်၊ စာစစ်ဌာန၊ ပညာသင်နှစ်၊ အောင်/ရှုံး)တို့ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရမည်။
(၈) စာစဉ်တင်သွင်းခြင်း၊ ပို့ချချက်စာအုပ်နှင့် လေ့လာမှုလမ်းညွှန်စာအုပ်များ
၁။ သင်တန်းနှစ်အလိုက်စာစဉ်များကို ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် (၂)ကြိမ် မပျက်မကွက် (မပျက်မကွက်) တင်သွင်းရမည်။ နောက်ဆုံးသတ်မှတ်ရက်ထက် နောက်မကျစေရန် ဂရုပြုရမည်။
၂။ ပို့ချချက်စာအုပ်နှင့် လေ့လာမှုလမ်းညွှန်စာအုပ်များကို အချိန်မီထုတ်ယူ၍ အနီးကပ်သင်တန်း တက်ရောက်ချိန်တွင် တစ်ပါတည်းယူဆောင်လာရမည်။
Student List
30.6.2020
Relative Student List in Township
30-6-2020